ကြည့်မြင်တိုင် စက်တင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း သရုပ်ပြပွဲကို ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က အေးရွာဘလုပ်ညွန့်စက်ကလေးရပ်ကွက်၊ သာသနာ့ရောင်ခြည်ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
အဆိုပါလက်တွေ့စမ်းသပ်မဲပေးခြင်းသရုပ်ပြပွဲတွင် သင်တန်းနည်းပြများ၊ ထိန်းချုပ်စက် ကိုင်တွယ်အသုံးပြုနည်းသင်တန်းတက်ရောက်ပြီးသူ သင်တန်းသားများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် အသုံးပြု၍ မဲပေးခြင်းရည်ရွယ်ချက်များနှင့် ဆန္ဒပြုခန်းအတွင်း မဲပေးပုံအဆင့်ဆင့်ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ရပ်ကွက်နေပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများကို သရုပ်ပြသကြရာ တာဝန်ရှိသူများက ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
သရုပ်ပြပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခိုင်ဇာလင်း (ပြန်/ဆက်)