လသာ စက်တင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းအချိန်က အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ လသာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းသဲနုအောင်မှ စာဖတ်ရှိန်မြင့်တင်ရေးလှုပ်ရှားမှုပြိုင်ပွဲ ပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေးပြောကြားခဲ့သည်။
ထို့နောက် ဆေးရောင်ခြယ်ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း Grade-2 မှ ကျောင်းသူ(၆၃)ဦးမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိခဲ့သည့် ကျောင်းသူများအား ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ဦးနေလင်း