မိတ္ထီလာ စက်တင်ဘာ ၂၇
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် မိတ္ထီလာ-သာစည်လမ်းမှ စက်ပစ်တောင်ကျေးရွာသွားလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ယနေ့နံနက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်း၊ မိတ္ထီလာခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဒေါ်နှင်းနှင်းအိလှိုင်တို့က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် မိတ္ထီလာ-သာစည်လမ်းမှ စက်ပစ်တောင် ကျေးရွာသွားလမ်းအား တိုင်းဒေသကြီးရန်ပုံငွေ ကျပ်သန်း (၁၃၅.၃၂၀)ဖြင့် ရွှေရောင်လွင်ပြင်ကုမ္ပဏီမှ အရှည် (၀/၂)မိုင်၊ အကျယ် (၁၂)ပေ၊ ထု (၇)လက်မရှိ ကွန်ကရစ်လမ်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ရာ လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာ ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)