ကလောခရိုင် ပြည်သူ့ဆေးရုံကြီး သက်ကြီးဘိုးဘွားများအား လစဥ် ကျန်းမာရေးစောင့်ရှောက်မှုများ‌ ဆောင်ရွက်ပေးလျက်ရှိ

ကလော စက်တင်ဘာ ၂၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင် ပြည်သူ့‌ဆေးရုံကြီး၌ သက်ကြီးဘိုးဘွားများအား လစဉ်ဒုတိယပတ်နှင့် စတုတ္ထပတ် သောကြာနေ့တိုင်း ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိရာ ယမန်နေ့နံနက် (၈)နာရီခွဲက ကလောခရိုင် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက ကျန်းမာရေးစောင့်ရှောက်မှုများ‌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကလောခရိုင် ပြည်သူ့ဆေးရုံကြီး ဒုတိယခရိုင် ကုသရေးဦးစီးဌာနမှူး၊ ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းသန္တာဖြူ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများနှင့် ကလောခရိုင် သက်ကြီးရွယ်အိုဘိုးဘွားများ ကျန်းမာရေးစောင့်ရှောက်မှုကော်မတီနှင့် ပူးပေါင်း၍ သက်ကြီးဘိုးဘွား (၁၃၅)ဦးအား ကျန်းမာရေးစောင့်ရှောက်မှု‌ပေးခြင်း၊ ဆေးဝါးများ ထောက်ပံ့ပေးခြင်းများနှင့် အလှူရှင်မှ အာဟာရဒါန ဆန်ပြုတ်တိုက်ကျွေးခြင်းများ ဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။

ကျော်ဝင်း(ကလော)