မြောက်ဥက္ကလာပ စက်တင်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ခြင်မှတဆင့် ကူးစက်တတ်သောရောဂါ ကာကွယ်နိုင်ရန်အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ၀န်ထမ်းများက စက်တင်ဘာ (၂၅)ရက်နေ့နံနက်ပိုင်းက (ဆ)ရပ်ကွက်နှင့် ဥက္ကာ (၁)လမ်းတို့တွင် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးမင်းထွန်း ဦးဆောင်ကြီးကြပ်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ၀န်ထမ်းများက ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ စေတနာ့၀န်ထမ်းများ ပူးပေါင်း၍ (ဆ)ရပ်ကွက်နှင့် ဥက္ကာ (၁)လမ်းအတွင်းရှိ နေအိမ်များသို့ သွားရောက်ကာ ခြင်မှတဆင့် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ ဘုရားပန်းအိုး၊ ရေစည်၊ ရေအိုးများတွင် ပိုးလောက်လမ်း ရှိ၊ မရှိ စစ်ဆေးခြင်း၊ ရေတွင်း၊ ရေကန်များတွင် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)