မြစ်သားမြို့နယ်တွင် နွားကူးကြီးကျေးရွာအနီး ပန်းလောင်မြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေ (၃) သိန်း ငါးမျိုးစိုက်ထည့်ပေး

မြစ်သား စက်တင်ဘာ ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် နွားကူးကြီးကျေးရွာအုပ်စု ရေအေးဆိပ်ကျေးရွာအနီးရှိ ပန်းလောင်မြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေ (၃) သိန်း ငါးမျိုးစိုက်ထည့်ပေးခြင်းကို စက်တင်ဘာ ၂၆ ရက်နေ့ နံနက် (၇) နာရီခွဲက မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ငါးမျိုး စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။     

အဆိုပါအခမ်းအနားသို့ မြစ်သားမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်၊ မြစ်သားမြို့နယ် ဆည်မြောင်း (တမံ) ဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ (မြို့ပြ) ဦးကြည်ခိုင်ထွန်း၊ ကူမဲ​မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဇော်၊ မြစ်သားမြို့နယ် ကူမဲငါးလုပ်ငန်းစခန်းတာဝန်ခံ ဦးစောအောင်ကိုလတ်နှင့် ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများ၊ကူမဲ​မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဇော်၊ မြစ်သားမြို့နယ် ကူမဲငါးလုပ်ငန်းစခန်းတာဝန်ခံ ဦးစောအောင်ကိုလတ်နှင့် ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများ၊ မြစ်သားမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ပန်းလောင်မြစ်အတွင်း ငါးမွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရန်၊ ငါးသယံဇာတများ စဉ်ဆက်မပြတ် ရေရှည်ထိန်းသိမ်းရေး၊ ငါးမျိုးကောင်းမျိုးသန့်များ ရေရှည်တည်တံ့ပြန့်ပွားစေရန်နှင့် ငါးရိက္ခာများ ရေရှည်စားသုံးနိုင်ရန်ရည်ရွယ်၍ နွားကူးကြီးကျေးရွာအုပ်စု ရေအေးဆိပ်ကျေးရွာအနီးရှိ ပန်းလောင်မြစ်အတွင်းသို့ ငါးမြစ်ချင်း  ငါးကောင်ရေ (၁၅၀၀၀၀)၊ ငါးခုံးမကောင်ရေ (၁၅၀၀၀၀)၊ စုစုပေါင်းငါးကောင်ရေ (၃၀၀၀၀၀) အား ပန်းလောင်မြစ်အတွင်း  ငါးမျိုးစိုက် ထည့်ပေးခဲ့ကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဝါဝါမြင့်(မြစ်သား)