အလုံမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချ

အလုံ စက်တင်ဘာ ၂၇

အလုံမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်း ဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၉ နာရီက နှင်းဆီလမ်းရှိ အလုံမြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲကိုကိုက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြလှိုင်က ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းတာ၀န်များ၊ ကာကွယ်ရေးဥပဒေနှင့် ပြစ်ဒဏ်များ ရှင်းလင်းဆွေးနွေးပို့ချခြင်းနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့၀င် ဦးလှမြင့်က ရွေးကောက်ပွဲလုပ်ငန်းစဉ်များ၊ ရွေးကောက်ပွဲနှင့်ဆန္ဒမဲပေးခြင်း၊ မဲရုံဖွင့်/ပိတ်ခြင်း၊ ဆန္ဒမဲစာရင်းတွက်ချက်ခြင်းအား ဆွေးနွေးပို့ချခြင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့၀င် ဦးလှ၀င်းက ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ၏ လုပ်ငန်းတာ၀န်များ၊ ရွေးကောက်ပွဲစနစ်ပြောင်းလဲမှုများအား ဆွေးနွေးပို့ချခြင်းနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ရင်၀င်းဟန်က မဲဆန္ဒရှင်စာရင်းပြုစုခြင်း၊ မဲစာရင်းကပ်ထား‌ကြော် ငြာခြင်းနှင့် အထွေထွေကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးပို့ချခဲ့ကြသည်။

အဆိုပါသင်တန်းသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲကိုကို၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အဖွဲ့ဝင်နှင့်အတွင်းရေးမှူးများ စုစုပေါင်း ၇၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ယောဧရာ(မြို့နယ်ပြန်/ဆက်)