မိတ္ထီလာခရိုင်ရဲတပ်ဖွဲ့မှ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမှတ်(၁) တပ်မတော်ဆေးရုံ ကုတင် (၅၀၀)တွင် စုပေါင်းသွေးလှူဒါန်း

မိတ္ထီလာ စက်တင်ဘာ ၂၇

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိတ္ထီလာခရိုင်ရဲတပ်ဖွဲ့မှဦးစီး၍ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက် (၈)နာရီအချိန်က  အမှတ် (၁) တပ်မတော်ဆေးရုံ ကုတင် (၅၀၀)တွင် ကျင်းပခဲ့ကြောင်း သိရသည်။

(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိတ္ထီလာခရိုင်ရဲတပ်ဖွဲ့မှဦးစီး၍ ရဲတပ်ဖွဲ့ဝင်များ၊ စာရေးဝန်ထမ်းများက စုပေါင်းသွေးလှူဒါန်းခဲ့ရာ အမှတ်(၁) တပ်မတော်ဆေးရုံ ကုတင် (၅၀၀)မှ ဗိုလ်မှူးချုပ် ထွန်းထွန်းအောင်၊ မိတ္ထီလာခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အေးမင်း၊ မိတ္ထီလာမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ဇော်ဦး၊ ဝမ်းတွင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းဇော်မြင့်တို့က လှည့်လည်ကြည့်ရှု့ခဲ့ပြီး အားပေးစကားများပြောကြားခဲ့ပြီး  အမှတ်(၁) တပ်မတော်ဆေးရုံ ကုတင် (၅၀၀)မှ ဗိုလ်မှူးချုပ် ထွန်းထွန်းအောင်က ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ရာ မိတ္ထီလာခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အေးမင်းက လက်ခံခဲ့သည်။ ၎င်းနောက် သွေးလှူဒါန်းသည့် ရဲတပ်ဖွဲ့ဝင်များနှင့် စာရေးဝန်ထမ်းများအား ကြက်ဥ၊ နို့မုန့်ထုပ်၊ ဓာတ်ဆားထုတ်၊ အားဆေးကတ်၊ ဘီစကစ်မုန့်ထုပ်နှင့် Royal D ဗူးများအား ပေးအပ်ခဲ့ပြီး ကြာဆံကြော်နှင့် လက်ဖက်ရည်တို့ဖြင့် တည်းခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

အဆိုပါ (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲတွင် မိတ္ထီလာခရိုင်ရဲတပ်ဖွဲ့မှဦးစီး၍ အရာရှိတပ်ဖွဲ့ဝင် (၉)ဦး၊ အခြားအဆင့်ရဲတပ်ဖွဲ့ဝင် (၂၄)ဦးနှင့်  စာရေးဝန်ထမ်း (၃)ဦးတို့က  အမှတ်(၁) တပ်မတော်ဆေးရုံ ကုတင် (၅၀၀)တွင်  စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)