လားရှိုးမြို့တွင် AI နည်းပညာ လက်တွေ့အသုံးချနည်း (၂/၂၀၂၅) သင်တန်း ဖွင့်လှစ်

လားရှိုး စက်တင်ဘာ ၂၇                                                                           

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လာရှိုးခရိုင်ရုံးက ကြီးမှူး၍ မင်္ဂလာ AI ဖြင့်ပူးပေါင်းကာ လွယ်ကူလေ့လာ AI နည်းပညာ (၂/၂၀၂၅) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၉) နာရီက လားရှိုးခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တွဲဖက်ပြည်နယ်ရုံး (လားရှိုး) မှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်က အမှာစကားပြောကြားပြီး၊ မင်္ဂလာ AI မှ နည်းပြဆရာ ဦးအောင်သူထွန်းက AI နည်းပညာနှင့်ပတ်သက်၍ မိတ်ဆက်စကား ပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လားရှိုးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး (တာဝန်ပေး) ဦးစိုင်းထွန်းနေလှိုင်က လွယ်ကူလေ့လာ AI နည်းပညာ (၂/၂၀၂၅) သင်တန်းဖွင့်လှစ်‌ရသည့်ရည်ရွယ်ချက်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ သင်တန်းအားဖွင့်လှစ်ခဲ့ရာ မင်္ဂလာ AI မှ ဆရာဦး အောင်သူထွန်းက AI ၏ အခြေခံသဘောတရား၊ သမိုင်းအကျဉ်းနှင့်ခေတ်စားလာပုံ၊ အမျိုးအစားနှင့် အရေးပါသောနည်းပညာများ၊ အလုပ်လုပ်သည့်အခြေအနေ၊ အသိပညာရှာဖွေခြင်းနှင့် ပြဿနာဖြေရှင်းခြင်း၊ ပညာရေးနှင့် သုတေသန၊ စီးပွားရေးနှင့် လုပ်ငန်းခွင်၊ Programming နှင့် Coding ရေးသားနည်း၊ တီထွင်ဖန်တီးမှုဆိုင်ရာလုပ်ငန်းများ၊ ကိုယ်ပိုင်အရည်အချင်းမြှင့်တင်ခြင်း၊ ဓာတ်ပုံဖြင့်အဖြေရှာနည်း၊ ကျန်းမာရေးအတွက် ဆွေးနွေးခြင်း စသည့်အကြောင်းအရာများအား သင်တန်းကာလ ၄ ရက်တာဖြင့် စာတွေ့လက်တွေ့ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ရာ သင်တန်းသားသင်တန်းသူ စုစုပေါင်း ၄၅ ဦး တက်ရောက်သင်ကြားလျက်ရှိ‌ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)