ကျောက်ဆည် စက်တင်ဘာ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် တိုက်နယ် (၁၂)ခုရှိပြီး ဒေသတွင်းသီးနှံမျိုးစုံ ဖူလုံပိုလျှံရေး မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့မှ တောင်သူများနှင့် ပူးပေါင်း၍ စိုက်ပျိုးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ခုနှစ် စမာမြောင်းရေဖြင့် တိုက်နယ် (၁)၌ မိုးသီးနှံစုံ (၇၉၀၃)ဧက စိုက်ပျိုးပြီးကြောင်း သိရသည်။
တိုက်နယ် (၁)၌ ပန်းခွာ၊ ကျီးပြ၊ သင်ပျို၊ ကျီးအိပ်၊ ဒွေးလှ၊ ငါးဆူ၊ ရှားပင် ကျေးရွာအုပ်စုများ ပါဝင်ပြီး စိုက်ပျိုးရေးလုပ်ငန်းများကို စမာ စိုက်ပျိုးရေ ပေးဝေသည့် မြောင်းမှ စိုက်ပျိုးရေများကို အဓိကသုံးစွဲပြီး စပါး (၂၂၄၀)ဧက၊ ပဲတီစိမ်း (၁၂၅၆)ဧက၊ အခြားပဲ (၉၂၂)ဧက၊ နှံစားပြောင်း (၂၆၄)ဧက၊ ဖူးစားပြောင်း (၂၄၇)ဧက၊ မြေပဲ (၅၂)ဧက၊ နှမ်း (၇၄၆)ဧက၊ နေကြာ (၈၉၁)ဧက၊ ငရုတ် (၃၄၁)ဧက၊ ကျွဲနွားစာ (၆၀၆)ဧက၊ ဟင်းသီး၊ ဟင်းရွက် (၃၃၈)ဧက စုစုပေါင်း (၇၉၇၃)ဧက စိုက်ပျိုးထားကြောင်း သိရသည်။
မိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းရေး၊ မျှော်မှန်းအထွက်နှုန်းရရှိရေး၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ဒေသနှင့်ကိုက်ညီပြီး အောင်မြင်ဖြစ်ထွန်းသည့် မျိုးကောင်းမျိုးသန့်မျိုးစေ့များ ဖြန့်ဝေခြင်း၊ စိုက်နည်းစနစ်များအသိပညာခြင်း၊ အလေအလွင့်နည်းပါးစွာ ရိတ်သိမ်းချွေလှေ့ခြင်း နည်းပညာများ ဖြန့်ဝေပေးလျက်ရှိပြီး၊ စိုက်ပျိုးရေများလည်း လုံလောက်စွာ ပေးဝေလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)