ခရမ်းမြို့နယ်၌ ခွေးရူးရောဂါကာကွယ်ဆေးများ လိုက်လံထိုးနှံပေး

ခရမ်း စက်တင်ဘာ ၂၇

၁၉ ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးခြင်းနှင့် ခွေးရူးရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို   ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် မွေးမြူရေးနှင့်ကုသ‌ရေးဦးစီးဌာနက ယနေ့နံနက်ပိုင်းက ကျေးရွာများသို့ကွင်းဆင်း၍ လိုက်လံထိုးနှံပေးခဲ့သည်။

ထိုသို့ ထိုးနှံပေးရာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသ‌ရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာစုစုလှဝင်းက ခွေးရူးရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်နိုင်ရန်အတွက် မက္ကသန်ကျေးရွာနှင့် ဉာဏ်ကျွန်းကျေးရွာများရှိ ဘုန်းကြီးကျောင်းများနှင့် ကျေးရွာအတွင်းရှိ မွေးမြူထားသော ခွေးများအား ခွေးရူးရောဂါ မဖြစ်ပွားစေရေးအတွက် ကျေးရွာများအရောက် ကွင်းဆင်း၍ ခွေးရူးရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သတင်းရရှိသည်။

ခရမ်း(ပြန်/ဆက်)