ကော့မှူးမြို့နယ် အမှတ် (၂၀၁၈) လေကြောင်းရန်ကာကွယ်ရေးတပ်၌ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် စမ်းသပ်ဆန္ဒမဲပေး

ကော့မှူး စက်တင်ဘာ ၂၇

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့စမ်းသပ်ဆန္ဒမဲပေးခြင်းသရုပ်ပြခြင်း အခမ်းအနားကို ယနေ့နံနက်က ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် အမှတ် (၂၀၁၈) လေကြောင်းရန် ကာကွယ်ရေးတပ်ရင်း အရာရှိရိပ်သာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးကျော်ဇင်ထက်က အရာရှိစစ်သည်များ၊ အိမ်ထောင်သည်ရဲမေများနှင့် မှီခိုသူမိသားစုဝင်မဲဆန္ဒရှင်များအား မြန်မာအီလက်ထရောနစ်မဲပေးစက် အသုံးပြု၍ စမ်းသပ်ဆန္ဒမဲပေးခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်ကျော်စိုး၊ အတွင်းရေးမှူး ဦးကျော်ဇင်ထက်နှင့်အဖွဲ့ဝင်များက အရာရှိစစ်သည်များ၊ အိမ်ထောင်သည်ရဲမေများနှင့် မှီခိုသူမိသားစုဝင်မဲဆန္ဒရှင်များအား မြန်မာအီလက်ထရောနစ်မဲပေးစက်ကို အသုံးပြု၍ စမ်းသပ်ဆန္ဒမဲပေးခြင်းလုပ်ငန်းများ တစ်ဦးချင်း လက်တွေ့စမ်းသပ်မဲပေးခဲ့ကြကြောင်း သိရသည်။

ကျော်သူရ(ကော့မှူး)