ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး နှာခေါင်စည်းဝတ်ဆင်ရေးလှုပ်ရှားမှု အသိပညာပေးဆောင်ရွက်

ရန်ကုန် ဒီဇင်ဘာ ၂၄

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် သည့် ရည်ရွယ်ချက်ဖြင့် နှာခေါင်းစည်း ဝတ်ဆင်ရေးလှုပ်ရှားမှုနှင့် အသိပညာပေးလုပ်ငန်း များကို ယမန်နေ့ ညနေပိုင်းတွင် ဆူလေဘုရားအနီးရှိ YBS ကားမှတ်တိုင်နှင့် လူစည်း ကားရာနေရာများတွင် ဆောင်ရွက် ကြသည်။

အဆိုပါနှာခေါင်းစည်း ဝတ်ဆင်ရေးလှုပ်ရှားမှုနှင့် အသိပညာပေးလုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ ဝန်ထမ်းများနှင့် လူမှုရေးအသင်း အဖွဲ့များ ပူပေါင်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ခြင်းဆိုင်ရာ ညွှန်ကြားချက်များနှင့် အညီ ဆောင်ရွက်ကြသည်။

ကားမှတ်တိုင်သို့ မဖြစ်မနေ သွားလာကြသူများအနေဖြင့် နှာခေါင်းစည်းကို စနစ်တကျ ဝတ်ဆင်၍ သွားလာကြရန်၊ လမ်းသွားလမ်းလာပြည်သူများ နေအိမ်ပြင်ပသို့ သွားရောက်သည့် အခါ နှာခေါင်းစည်း ဝတ်ဆင်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ တတ်နိုင်သမျှ နေအိမ်တွင် နေထိုင်ပြီး လူစုလူဝေး ရှိရာနေရာများသို့ မလိုအပ်ဘဲ မသွားကြရန်၊ အခြားသူ များနှင့် တတ်နိုင်သမျှ အနည်းဆုံး ခြောက်ပေ အကွာမှသာ နေထိုင်ပြောဆိုဆက်ဆံ ကြရန်နှင့် လက်ကို ဆပ်ပြာ၊ လက်သန့်ဆေးရည်ဖြင့် မကြာခဏ ဆေးကြောကြရန် စသည့် အသိပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီး နှာခေါင်းစည်းများကိုလည်း အခမဲ့ လိုက်လံဖြန့်ဝေ ပေးခဲ့ကြ ကြောင်း သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)