မြစ်သားမြို့ပေါ်ရှိ အခြေခံပညာမူလတန်း‌ကျောင်းများတွင် ဆုံဆို့၊ မေးခိုင်ကာကွယ်ဆေး (DT)နှင့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံပေး

မြစ်သား စက်တင်ဘာ ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဘုန်းမြတ်ကို ဦးဆောင်ကာ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးဆရာမများက မြို့ပေါ်အခြေခံပညာမူလတန်း‌ကျောင်းများမှ အသက် (၅)နှစ်ပြည့်ပြီးသည့် ကျောင်းသား၊ ကျောင်းသူများကို ဆုံဆို့၊ မေးခိုင်ကာကွယ်ဆေး (DT)နှင့် အသက် (၉)နှစ်ပြည့်ပြီး (၁၂)နှစ် မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်က ထိုးနှံ‌ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဘုန်းမြတ်ကို ဦးဆောင်ပြီး မြို့နယ်ကာကွယ်ဆေးထိုးကွင်းဆင်းအဖွဲ့ ကျန်းမာရေးဆရာ၊ ဆရာမများက မြို့ပေါ်ရှိ အ‌ခြေခံပညာမူလတန်းကျောင်းများမှ ဆုံဆို့၊ မေးခိုင်ကာကွယ်ဆေး(DT) ထိုးနှံကျောင်းသား၊ ကျောင်းသူ (၄၄၁)ဦးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံသည့် ကျောင်းသူ (၁၇၆)ဦးတို့အား ထိုးနှံပေးခဲ့ကြောင်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဝါဝါမြင့်(မြစ်သား)