မြောက်ဥက္ကလာပ စက်တင်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အသက်၇၀နှင့်အထက် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးအသိပညာပေးခြင်းနှင့် သွေးတိုးနှင့်ဆီးချိုရောဂါရှိသူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဝေဘာဂီကျန်းမာရေးဌာနခွဲတွင် ဆောင်ရွက်ပေးခဲ့ကြသည်။
ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုများပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးမင်းထွန်းဦးဆောင်ကြီးကြပ်မှုဖြင့် ကျန်းမာရေး၀န်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုခံယူရန် ရောက်ရှိလာကြသော ဆီးချို၊ သွေးတိုးရောဂါ ခံစားနေရသော သက်ကြီးဘိုးဘွားများအား ကျန်းမာရေးဗဟုသုတများအား အသိပညာပေးဟောပြောပေးခြင်း၊ တီဘီရောဂါနှင့်ပတ်သတ်၍ အသိပညာပေးခြင်း၊ ကျန်းမာရေး၀န်ထမ်းများက သက်ကြီးဘိုးဘွားများအား အသက်ကြီးပုဂ္ဂိုလ်စောင့်ရှောက်ရေးလုပ်ငန်းများ စမ်းသပ်စစ်ဆေးခြင်း၊ ဆီးချို၊ သွေးချို၊ သွေးတိုးရောဂါစစ်ဆေးခြင်းနှင့် လိုအပ်သည့်ဆေး၀ါးများအား ထောက်ပံ့ပေးအပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)