ရန်ကုန် စက်တင်ဘာ ၂၆
မြန်မာလက်ရွေးစင် ဖူဆယ်အမျိုးသားအသင်းနှင့် အာဖဂန်နစ္စတန်လက်ရွေးစင် ဖူဆယ်အမျိုးသားအသင်းတို့၏ ၂၀၂၆ ဖူဆယ်အာရှဖလားခြေစစ်ပွဲစဉ်ကို စက်တင်ဘာ ၂၄ ရက် ညနေပိုင်းက ရန်ကုန်မြို့၊ MFF Futsal Stadium ၊ သုဝဏ္ဏတွင် ကျင်းပသည်။
ထိုသို့ မြန်မာလက်ရွေးစင် ဖူဆယ်အမျိုးသားအသင်းနှင့် အာဖဂန်နစ္စတန်လက်ရွေးစင် ဖူဆယ်အမျိုးသားအသင်းတို့၏ ၂၀၂၆ ဖူဆယ် အာရှဖလားခြေစစ်ပွဲစဉ် ယှဉ်ပြိုင်နေမှုများကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တာဝန်ရှိသူများ၊ ဘောလုံးချစ်ပရိသတ်များက ကြည့်ရှုအားပေးကြရာ ပွဲပြီးဆုံးချိန်တွင် အာဖဂန်နစ္စတန်လက်ရွေးစင် ဖူဆယ်အမျိုးသားအသင်းက (၈)ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
မြန်မာလက်ရွေးစင် ဖူဆယ်အမျိုးသားအသင်းသည် ၂၀၂၆ ဖူဆယ်အာရှဖလားခြေစစ်ပွဲစဉ်အုပ်စု(ဇ)တွင် မော်လ်ဒိုက်အသင်းနှင့် အာဖဂန်နစ္စတန်အသင်းတို့ဖြင့် ယှဉ်ပြိုင်ကစားခဲ့ရပြီး (၂)ပွဲ ကစားအပြီး ရမှတ် (၃)မှတ်ရရှိခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)