မြောက်ဥက္ကလာပမြို့နယ်တွင် ရပ်ကွက်စာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံ့ဖြိုးရေးအတွက် စေတနာရှင်စာကြည့်တိုက်သို့ ကွင်းဆင်းစစ်‌ဆေးဆောင်ရွက်

မြောက်ဥက္ကလာပ စက်တင်ဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ရပ်ကွက်စာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံဖြိုးရေးအတွက် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီမှ စက်တင်ဘာ ၂၄ ရက် မွန်းလွဲ ၃ နာရီက အချိန်(ဇ)ရပ်ကွက်၊ က္ကန္ဒာ ၁ လမ်းရှိ စေတနာရှင်စာကြည့်တိုက်သို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်က စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အောင်မြင်ရေးအတွက် ကော်မတီအနေဖြင့် တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာ၀န်ခံဒုတိယဦးစီးမှူး ဒေါ်သိင်္ဂီပြည့်ဖြိုးက စာကြည့်တိုက်စနစ်တကျရှိစေရေးအတွက် သုတ/ရသစာအုပ်များကို သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်ထားရှိရန်၊ စာဖတ်/စာငှား/အသင်းဝင်တိုးတက်ရရှိစေရေး ဆောင်ရွက်ထားရှိမှုများကို မေးမြန်းဆွေးနွေးပြောကြားခဲ့သည်။ ယင်းနောက် စေတနာရှင် စာကြည့်တိုက်မှူးက စာကြည့်တိုက်တွင် သုတ/ရသ၊ စာအုပ်များ၊ စာဖတ်/စာငှားအခြေအနေများ‌နှင့်ပတ်သတ်၍ ရှင်းလင်း‌‌တင်ပြခဲ့ရာ တင်ပြချက်များအပေါ် လိုအပ်သည်များကို ဝာာ၀န်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)