မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးမှုများအား ကွင်းဆင်းကြည့်ရှု

မော်လမြိုင် စက်တင်ဘာ ၂၆

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ကော့ခနိကျေးရွာ၊ အေးချမ်းအောင်လယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းမှ အသင်းသားတောင်သူများ၏ မိုးစပါးစိုက်ဧက(၃၇၅)ဧကတွင် ပျိုးထောင်စနစ်ဖြင့် စိုက်ပျိုးထားရှိသော ရွေတစ်ဆုပ်အထွက်တိုးမျိုးစပါး စိုက်ပျိုးထားရှိမှုကို သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးမှ ညွှန်ကြားရေးမှူး ဦးဉာဏ်ဝင်းမောင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းကြည့်ရှုရာတွင် သွင်းအားစုမြေဩဇာများ အချိန်ကာလအလိုက် စနစ်တကျမှန်ကန်စွာထည့်သွင်းနိုင်ရေး၊ စိုက်ခင်းများအတွင်း ပိုးမွှားများမကျစေရေး၊ ပေါင်းမြက်များမဖြစ်ပေါ်စေရေး၊ တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိရေး၊ စိုက်နည်းစနစ်မှန်ကန်စေရေး၊ နည်းပညာလိုအပ်ချက်အတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်နိုင်ရေး၊ သီးနှံများထွက်ရှိချိန် ဈေးကွက်ရရှိရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

စည်သူ (ပြန်/ဆက်)