လသာမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်စာဖတ်ဝိုင်း ကျင်းပ

လသာ စက်တင်ဘာ ၂၆

လသာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်  စာရေးဆရာကျော်၀င်းရေးသားသည့် "နှစ်ဆယ့်တစ်ရာစု သားရွှေဥ" စာအုပ်ဖြင့် လူငယ်စာဖတ်ဝိုင်းကို စက်တင်ဘာ ၂၄ ရက် မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့သည်။ ‌

အဆိုပါစာဖတ်ဝိုင်းတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းသဲနု‌အောင်က စာဖတ်ဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာအုပ်တွင်ပါရှိသည့်​အကြောင်းအရာတို့ကို ကောက်နုတ်ဆွေးနွေးခဲ့ပြီး စာပေစိတ်ပါ၀င်စားသူ ကျောင်းသူများက ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

နေလင်း (ပြန်/ဆက်)