လဲချား စက်တင်ဘာ ၂၆
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(တောင်ပိုင်း)တာဝန်ခံနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက် ၇ နာရီခွဲအချိန်က ရှမ်းပြည်နယ်(တောင်ပိုင်း) လဲချားမြို့သို့ ရောက်ရှိပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(တောင်ပိုင်း) တာဝန်ခံ ဦးခင်မောင်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၅ ခုနှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကျင်းပရာ၌ (MEVM) အသုံးပြုသောမဲပေးစက်များ၏ အားသာချက်များ၊ မဲရလာဒ်များအား အချိန်တိုအတွင်းရရှိနိုင်ခြင်း၊ မဲဆန္ဒရှင်များအနေဖြင့် လွယ်ကူစွာဆန္ဒ မဲပေးနိုင်သည့်အတွက် ခိုင်မာမှုရှိကြောင်း၊ မဲပေးစက်များ အသုံးပြုခြင်းဆိုင်ရာသင်တန်းများပေး၍ လက်တွေ့အသုံးပြုတတ်ရန် လိုအပ်ကြောင်း၊ မဲစာရင်းများ ပြည့်စုံမှန်ကန်ရေး ဆောင်ရွက်ရန်ကိစ္စရပ်များ၊ ရွေးကောက်ပွဲဆိုင်ရာဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးစုဝေးနှင့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးနှင့် သတင်းရယူခွင့်ပြုရေးဆိုင်ရာကိစ္စရပ်များ၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံးမဲပေးခွင့်ရရှိရေးနှင့် ကြိုတင်မဲပေးခြင်း၊ မဲရုံတွင်းမဲပေးခြင်းနှင့် ရွေးကောက်ပွဲရလဒ်များ စနစ်တကျထုတ်ပြန်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မဲဆန္ဒရှင်အသိပညာပေး လုပ်ငန်းများကိုတိုးမြှင့် ဆောင်ရွက်ရေးနှင့်ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ၊ မဲပေးစက်ဆိုင်ရာနည်းပညာ အထောက်အကူပြုအဖွဲ့ဝင်များကို စုဖွဲ့သင်တန်းပေးလေ့ကျင့်ရေးတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းမှာကြားသည်။
ထို့နောက် ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က မိတ်ဆက်စကားပြောကြားပြီး ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိမှု မိုးနဲမြို့နယ်အတွင်း ရွေးကောက်ပွဲကျင်းပမည့် နေရာများအတွက်(MEVM) မြန်မာအီလက်ထရောနစ်မဲပေးစက်များဖြန့်ခွဲ၊ သယ်ဆောင်အသုံးပြုမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများက တစ်ဦးချင်းမိတ်ဆက်ကာ ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲ အောင်မြင်စွာပြီးမြောက်ရေး လုပ်ငန်းစဥ်များအား တာဝန်ရှိသူများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားမည်ကြောင်း ဆွေးနွေးခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(တောင်ပိုင်း) တာဝန်ခံက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)