ပင်လောင်း စက်တင်ဘာ ၂၆
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ဘက်စုံသုံးခန်းမ၌ ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့အတွင်းရေးမှူး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးအောင်က ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်ပြည်သူများ၏ မဲပေးပိုင်ခွင့် မဲစာရင်းကြေငြာရာတွင် ပြည်သူလူထုအားလုံး ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲနှင့် ရပ်ကွက်/ကျေးရွာတာဝန်ရှိသူများ အလေးထားဆောင်ရွက်ပေးကြရန် ရှင်းလင်းပြောကြားပြီး ဒေသဦးစီးအဖွဲ့ အဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်းအားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးနေမျိုးလှိုင်က နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်ပတ်သက်၍ လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ပေးနေမှုအခြေအနေများကိုလည်းကောင်း၊ မြို့နယ်ရွေးကောက်ပွဲကော်ရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဦးမှိုင်းခမ်းက မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းမပါရှိမှု စာရင်းဖြည့်သွင်းရမည့်ပုံစံများ၊ မဲစာရင်းပြင်ဆင်ခြင်းပုံစံများ စသည့်ပုံစံအမျိုးမျိုးများ ဖြည့်စွက်ရမည့်ပုံစံများကိုလည်းကောင်း၊ မြိုနယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်က ရွေးကောက်ပွဲမတိုင်မီ မဲရုံများဆောင်ရွက်ထားရှိရမည့်အခြေအနေများကိုလည်းကောင်း ရှင်းလင်းပြောကြားကြသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲနှင့် ရပ်ကွက်/ကျေးရွာတာဝန်ရှိသူများက ရွေးကောက်ပွဲဆိုင်ရာများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့်ပတ်သက်ပြီး သိရှိလိုသည်များကို တင်ပြဆွေးနွေးခဲ့ကြရာ ဒေသအဆင့်တာဝန်ရှိသူများနှင့် သက်ဆိုင်ရာဌာနမှတာဝန်ရှိသူတို့က သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)