ဆီဆိုင်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာမှု၊ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် မဲပေးနည်းအသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်း ဆောင်ရွက်

ဆီဆိုင် စက်တင်ဘာ ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား ၂၀၂၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာမှု၊ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် မဲပေးနည်းအသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ဆီဆိုင်)ရှိ ယုဇနခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ဦးစွာ  မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ကျော်ရန်က အမှာစကားပြောကြားပြီး မြိုနယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်ဇင်မာဖြိုးက ပထမအကြိမ် (၁၄)ရက်အတွင်း မဲဆန္ဒရှင်စာရင်းကပ်ထားကြေညာမှုလုပ်ငန်းစဉ်အကြောင်းအရာများ၊ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အကြောင်းနှင့် မဲပေးစက်အသုံးပြုပုံ၊  အသုံးပြုနည်းများအား အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ပြည်သူများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြပြီး တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့သည်။

ဆက်လက်၍ မြိုနယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိမှ ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် စမ်းသပ်မဲပေးခြင်းကို လက်တွေ့ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာမှု၊ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် မဲပေးနည်း အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများ၊ ကျေးရွာတာဝန်ခံများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)