ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် မြို့နယ်စာရေးဆရာအသင်းနှင့် စာဖတ်ဝိုင်း ကျင်းပ

ချမ်းအေးသာစံ စက်တင်ဘာ ၂၆

စာအုပ်စာပေဖတ်ရှုခြင်းများမှ အသိပညာဗဟုသုတများကြွယ်ဝစေရန်နှင့် စာအုပ်စာပေများကို တန်ဖိုးထားစေရန် ရည်ရွယ်ကာ ​မြို့နယ်စာရေးဆရာအသင်းနှင့်အတူ စာဖတ်ဝိုင်းအခမ်းအနားကို ချမ်းအေးသာစံမြို့နယ် Community Center ခန်းမ၌ စက်တင်ဘာ ၂၆ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စာဖတ်ဝိုင်းအစီအစဥ်ကို ဆက်လက်ကျင်းပခဲ့သည်။ စာဖတ်ဝိုင်းကျင်းပရာတွင် ချမ်းအေးသာစံမြို့နယ် စာရေးဆရာအသင်းရှိ စာရေးဆရာကြီး၊ ဆရာမကြီးများမှ တက္ကသိုလ်ဘုန်းနိုင်ရေးသော “တပြည်သူမရွှေထား” စာအုပ်ထဲရှိ မှတ်သားဖွယ်အကြောင်းအရာများအား အပြန်အလှန် ဖတ်ကြားခဲ့သည်။

စာဖတ်ဝိုင်းအခမ်းအနားသို့ ချမ်းအေးသာစံမြို့နယ် စာရေးဆရာအသင်းမှ စာရေးဆရာကြီး၊ ဆရာမကြီးများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်