သီတင်းကျွတ်ရုံးပိတ်ရက် လေ့လာစရာ များပြားလွန်းသည့် ပုဂံဒေသ လေ့လာသင့်သော နေရာများ

ညောင်ဦး စက်တင်ဘာ ၂၆

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေလို့ ကြားလိုက်ရရင်ဖြင့် ရွှေစည်းခုံစေတီ၊ တုရင်တောင်စွယ်တော်မြတ်စေတီ၊ လောကနန္ဒာစွယ်တော်မြတ်စေတီနှင့် မြစ်တစ်ဘက်ကမ်း တုရင်တောင်စွယ်တော်မြတ်စေတီတို့အပြင် အာနန္ဒာဘုရား၊ ထီးလိုမင်းလိုဘုရား၊ အလိုတော်ပြည့်ဘုရား၊ ရွှေဆံတော်ဘုရား၊ ဓမ္မရာဇကဘုရား၊ ဗူးဘုရားတို့ကို ပြေးမြင်မိမှာ မလွဲဧကန်ဖြစ်နေလိမ့်မည်။

သီတင်းကျွတ်ရုံးပိတ်ရက် ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း သီတင်းကျွတ်ရုံးပိတ်ရက် ကျောင်းပတ်ရက်များတွင် စွယ်တော်မြတ်စေတီ၊ ဆုတောင်းပြည့်ဘုရားများ၊ ပုဂံရှေးဟောင်းသုတေသနပြတိုက်များအပြင် မဟာငှက်ပစ်တောင်ဘုရား အနီးတဝှိုက်ရှိ မွန်းတည့်ဂူ၊ အဆိုပါဂူသည် ရှင်အရဟံမထေရ်မြတ် သီတင်းသုံးတရားအား ထုတ်ကျင့်ကြံရင်း နောက်ပါအရှင်သူမြတ် ငါးရာပါးတို့တရားအား ထုတ်ခဲ့သည့်နေရာဖြစ်ပြီး၊ နေ့ခင်းဆွမ်းဘုန်းပေးချိန် မြေအောက်ဂူမှ အပေါက်ဖောက်ထားပြီး မွန်းတည့်ချိန် အချိန်အားသတ်မှတ်ထားခဲ့ဟန် ယူဆရကြောင်းသမိုင်းစာအုပ်များအရ သိရသည်။

မွန်းတည့်ဂူအနီး ပြန်ကြည့်ဂူဘုရားရှိကာ ဆက်လက်ဖူးမြော်လေ့လာနိုင်သည်။ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဘုရားဖူးနေ့ခြင်းပြန်လာရောက်သူ အများစုသည် ပုဂံ-ညောင်ဦးလေ ဆိပ်လမ်းဆုံမှစတင်ကာ ပုဂံမြို့သစ်သွားကားလမ်းမှ ရှင်အဇ္ဇဂေါဏဘုရားသို့ အရင်ဝင်ရောက်ဖူးမြော်ကြပြီး၊ ထိုမှတင့် ဝိနည်းထိုရ်ဘုရားစု၊ ထိုမှတဆင့် ဘုရားသုံးဆူ၊ နရသီဟ မတေ့ဘုရားများကို ဖူးမြော်လေ့လာနိုင်သည်။

ဘုရားသုံးဆူတွင် အလွန်ရှေးကြသည့် နံရံဆေးရေးပန်းချီများ ကြည့်ရှုလေ့လာနိုင်ပြီး၊ ကိုင်တွယ်ခြင်း၊ ဓာတ်ပုံဗီဒီယိုရိုက်ခြင်းများ ပြုလုပ်မရပေ။ အဆိုပါဘုရားများ တောင်ဘက်ကပ်လျက် လေးမျက်နှာဆုတောင်းပြည့် ဘုရား၊ စောလှဝန်းဘုရားတို့အား လေ့လာဖူးမြော်ပြီး၊ မင်းနန်းသူကျေးရွာမှတဆင့် ပုဂံခေတ် ပါဠိတက္ကသိုလ်ဖြစ်ခဲ့သော ဆင်ဖြူရှင်အုတ်ကျောင်းတိုက်ကိုလေ့လာနိုင်ပြီး ကျောင်းတိုက်ဝန်းအတွင်း အုတ်ရေကန်၊ အုတ်ကျောင်းတိုက်များအား လေ့လာနိုင်သည်။ ထိုမှတဆင့် ပုဂံခေတ် ဘုရင်များ၊ မောင်းမမိတ်သံများ၊ ပုဂံခေတ်ပြည်သူများသုံးစွဲထုတ် ခဲ့သည့် မြေထည်ပစ္စည်းများပြုလုပ်ရာ အရှေ့အိုးထိန်းကုန်အား ဆက်လက်လေ့လာနိုင်ကာ အိုးပဲ့၊ အိုးခြမ်းပဲ့အပိုင်းအစ မြောက်များစွာ တွေ့ရှိလေ့လာနိုင်သည်။

ထိုမှတဆင့် ပြဿာဒ်ကြီးဘုရားအား လိုဏ်အတွင်းရှိ ဆင်းတုတော်များဖူးမြော်နိုင်ပြီး ဘုရားကြီးတည်ဆောက်ထားမှု ဗိသုကာလက်ရာများကို လေ့လာမှတ်သားနိုင်သည်။ ပြဿာဒ်ကြီးဘု ရားမှပြန်ထွက်လာသော် စူဠာမဏိဘုရားအား ဖူးမြော်လေ့လာနိုင်ပြီး၊ မြောက်ဘက်တွင် ဦးကျည်ပွေ့ကျောင်းတိုက်၊ အရှေ့ဘက်တွင် မဟာပံ့သကူဘုရားတို့အားလေ့လာနိုင်သည်။ အဆိုပါနေရာများ လေ့လာဖူးမြော်ပြီးသော် အနောက်ဘက်လမ်းအတိုင်း ရွှေနန်းရင်တော ဘုရားစုနှင်အုတ်ကျောင်းတိုက်များ၊ တောင်ဘက်တွင် အင်းဘုရား၊ ဓမ္မရံကြီးဘုရား၊ တောင်ဂူနီ၊ မြောက်ဂူနီဘုရားများအား ဆက်လက်ဖူးမြော်လေ့လာနိုင်ပေသည်။ ဓမ္မရံကြီးဘုရား အရှေ့ဘက်လမ်းမှတဆင့် တောင်ဘက်အခြမ်းရှိ တောင်တဝက်ဂူဘုရား၊ သမုတိဘုရား၊ ကုသဂူဘုရားများနှင့် ဘုရားစုများကို တဆက်တစပ်တည်းဖူးမြော်လေ့လာနိုင်ပြီး၊ ဓမ္မရာဇာဘုရားသို့ ရောက်ရှိကာ ဘုရားကြီးတည်ဆောက်မှု၊ ဓမ္မရာဇကဘုရားကြီးရှိ ငါးရာ့ ငါးဆယ်ဇာတ်နိပါတ်တော်များ ဆက်လက်လေ့လာနိုင်မည်ဖြစ်သည်။ ဓမ္မရာဇကဘုရားမှ တောင်ဘက်အဝင်ဘက်လမ်းအတိုင်း ပြန်ထွက်ပြီး ပုဂံမြို့သစ်ဆိုင်းဘုတ်အနီးမှ ပုဂံမြို့ ဟောင်းသွားကားလမ်းအတိုင်း သွားရောက်နိုင်ကာ လမ်းပေါ်တွင် တာမဏီသိမ်ကျောင်း၊ ကြေးမုံပြင်ဘုရား၊ တပ်ကလေးဘုရား၊ထိုမှတဆင့် ရွှေဆံတော်ဘုရားနှင့်အနီးပတ်ဝန်းကျင်ရှိ လောကအုတ်သျှာင်ဘုရား၊ လောကထိပ်ပန်ဘုရား၊ မြေဘုံသာဘုရားလှတို့အား တဆက်တစပ်တည်း လေ့လာဖူးမြော်နိုင်သည်။

ရွှေဆံတော်ဘုရားမှတဆင့် အာနန္ဒာမြတ်စွာဘုရားကြီးဖူးမြော်ပြီး အနောက်ဘက်ကပ်လျက် သဗ္ဗညုဘုရား၊ ဂရို့ချိုးဘုရား၊ သံတော်ကြားဘုရား၊ ရွှေဂူကြီးဘုရားခေါ်နန်းဦးဘုရား၊ တဘက်ကျဘုရား၊ ပိဋကတ်တိုက်၊ နတ်လျောင်းကျောင်း၊ မင်္ဂလာစေတီ၊ ငကျွဲဋားတောင်းဘုရား၊ ပုထိုးသားများဘုရားတို့ကို တစ်နေရာတည်း ဖူးမြော်လေ့နိုင်သည်။ ထို့ဘုရားများမှတဆင့် မီးမလောင်ကျောင်း၊ မီးငြိမ်းကုန်းဘုရား၊ မြင်းပြဂူဘုရား၊ နွားပြးဂူဘုရားများ ဖူးမြော်လေ့လာပြီးလျှင် သီရိပစ္စာ မီးပွိုင့်လမ်းဆုံမှ မြောက်ဘက် ရှေးဟောင်းသုတေသနပြတိုက်အား ဝင်ရောက်လေ့လာနိုင်ခြင်း၊ မြောက်ဘက်ကပ်လျက် ကန်တော့ပလ္လင်ဘုရား၊ မျက်တော်ပြေဘုရား၊ အတွင်းစည်း ခုံဘုရား၊ ရန်အောင်မြင်ဘုရား၊ ဗူးဘုရား၊ အနူမြူကပ်ကျော်ဘုရား၊ ငါးချီခွန်ဘုရား၊ ငါးအူဖောက်ဘုရားများကို တနေရာတည်း ဖူးမြော်လေ့လာနိုင်သည်။ ဗူးဘုရားမှ ပြန်ထွက်ပြီး ညောင်ဦးမြို့သွားကားလမ်းပေါ်တွင် ရှေးဟောင်းနန်းတော်ရာတူးဖော်ပြသထားမှုများကို ဝင်ရောက်လေ့ပြီးလျှင် မြောက်ဘက် ယွန်းပညာကောလိပ် (ပုဂံ) လမ်းပေါ်တွင် မဟာဗောဓိဘုရားကပ်လျက် ဂူပိစပ်ကြီးဘုရား၊ ဂူပိစပ်လေးဘုရားတို့အား လေ့လာဖူးမြော်နိုင်သည်။ ထိမှတဆင့် သရပါတံခါးမှ မြောက်ဘက်သို့သွားသော် ရွှေကွန်ခြာဘုရား၊ ဆုတောင်းပြည့်စေတီနှင့်နတ်ထောင့် ကျောင်းဝန်းအတွင်းရှိ ရှေးဟောင်းကျောင်းတော်ကြီးအား လေ့လာနိုင်သည်။

ပုဂံမြို့ဟောင်းမှ ညောင်ဦးမြို့ဘက်သွားကားလမ်းတစ်လျှောက်တွင် ရင်မနားဘုရားအစုအဝေး၊ ဥပါလိသိမ်၊ ထီးလိုမင်းလိုဘုရား၊ ရွှေလိပ်တူးဘုရား၊ သိကြားပုန်း၊ သိကြားဟစ်ဘုရားများ ဖူးမြော်ပြီးလျှင် ရွှေစည်းခုံဘုရားကြီးအား ဦးခိုက်ဖူးမြော်နိုင်သည်။ ထို့မှတဆင့် သင်္ခါရလမ်းမှတဆင့် ညောင်ဦးမြို့မှ ပုဂံမြို့သစ်သွား အနော်ရထာနှစ်လမ်းသွားလမ်းမကြီး ဘေးဝဲယာတို့ရှိ ပထမဆုံးဝင်ရောက်နိုင်သည့် ကျန်စစ်သားဥမင်စာသင်တိုက်အတွင်း ကျန်စစ်သားဥမင်အား လေ့လာပြီး၊ ကျောင်းတိုက်မျက်နှာချင်းဆိုင်တွင် ဂူပြောက်ကြီးဘုရား၊ ထိုမှတဆင့် ရှင်ဘို့မယ်အုတ်ကျောင်း၊ ဝတ္တနထောဘုရား၊ အလိုတော်ပြည့်ဘုရား၊ ရွာဟောင်းကြီးဘုရား၊ ပုဂံမြော်ဘုရား၊ ရေတော်မုနိဘုရားတို့အား ဖူးမြော်ပြီး လမ်းမကြီးအတိုင်း သွားသော် သီရိပစ္စယာမီးပွိုင့်ရောက်ရှိကာ ပုဂံမြို့ဟောင်းမှ ပုဂံမြို့သစ်သွားကား လမ်းအတိုင်း မြင်းကပါကျေးရွာ လမ်းဘေးဝဲယာတစ်လျှောက်တွင် မင်္ဂလာစေတီ၊ သစ္စာမဏ္ဍိုင်ဘုရားစု၊ မြစေတီဘုရား၊ ရွှေစေတီဘုရား၊ မြင်းကပါဂူပြောက်ကြီးဘုရား၊ မနုဟာဘုရား၊နန်းဘုရား၊ အပါယ်ရတနာဘုရား၊ နဂါးရုံဘုရား၊ စိမ်းညက်အမဘုရား၊ ကျောက်မျက်မှော်ဘုရား၊ စိုးမင်းကြီးဘုရား၊ စိုးမင်းကြီးအုတ်ကျောင်းတို့အား ဖူးမြော်လေ့လာနိုင်သည်။

ထို့မှတဆင့် ပုဂံမြို့သစ် လမ်းဘေးဝဲယာဘုရားများ ဝင်ရောက်လေ့လာနိုင်ကာ ဖက်လိပ်ဘုရား၊ လောကနန္ဒာစွယ်တော်မြတ်စေတီ၊ စေတနာကြီးပုထိုးတို့အား အစဉ်အတိုင်း ဖူးမြော်လေ့လာနိုင်ကြောင်း သီတင်းကျွတ်ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်များတွင် မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာသူများ ပြည်တွင်းခရီးသွား ဂိုက်များငှားရမ်း၍သော်လည်းကောင်း၊ မိမိတို့မိသားစု၊ အပေါင်းအသင်းမိတ်ဆွေများဖြင့် သွားလိုသော်လည်းကောင်း ခရီးစဉ်လွယ်ကူစွာ သွားရောက်နိုင်ပါသည်။

ဒီပါလင်း