ပျော်ဘွယ်မြို့နယ်ရှိ ငလျင်ဘေးသင့်ပြည်သူများအတွက် ဆန်အိတ် ၁၈၀၀ ကျော် ပေးအပ်

ပျော်ဘွယ် စက်တင်ဘာ ၂၅

မန္တလေးမြေငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ပျော်ဘွယ်မြို့နယ်အတွင်း ဘေးအန္တရာယ်ကျရောက်ခဲ့ရသည့် ပြည်သူများအား ဆန်များပေးအပ်ပွဲကို စက်တင်ဘာ၂၅ရက် နံနက်၉နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာစိုးက ငလျင်ဘေးသင့်ပြည်သူများအတွက် နိုင်ငံတော်နှင့်အတူ အလှူရှင်များကလည်း လာရောက်လှူဒါန်းလျက်ရှိပါကြောင်း၊ နိုင်ငံတော်မှပေးအပ်သည့် ပစ္စည်းများကိုလည်း ပြည်သူများထံအချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေ ပေးလျက်ရှိပါကြောင်း  ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှပေးအပ်သည့် ဆန် ၁၈၄၄ အိတ်ကို  ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်မြင့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအာကာစိုးနှင့်အဖွဲ့ဝင်များက ငလျင်ဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)