မိုင်းရှူးမြို့နယ်၌ ဆုံဆို့-မေးခိုင်ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံပေး

မိုင်းရှူး စက်တင်ဘာ ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ကျောင်းအခြေပြု ဆုံဆို့-မေးခိုင်ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉)နာရီခွဲအချိန်က အမှတ်(၄)ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း၊ ပန်စွဲကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)နှင့်အမှတ်(၁)ရပ်ကွက် အခြေခံပညာမူလတန်းကျောင်းတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်ဇင်ထွန်း၏ ကြီးကြပ်မှုဖြင့် ဆရာမ ဒေါ်ဘီနူးနှင့် ဝန်ထမ်းများက ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများ ဖြစ်ပွားသေဆုံးမှုနှုန်း လျော့နည်းစေရေးအတွက် (၂၀၂၅-၂၀၂၆)ပညာသင်နှစ်၊ ပညာသင်ကြားနေသော အသက်(၅)နှစ်ပြည့်ပြီး (၇)နှစ်အောက် ကျောင်းသား၊ ကျောင်းသူများကို ဆုံဆို့-မေးခိုင်ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထပ်ဆောင်းထိုးနှံပေးခြင်းနှင့် အသက်(၉)နှစ်ပြည့်ပြီး (၁၀)နှစ်အောက် ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးများကို စနစ်တကျထိုးနှံပေးခဲ့ကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)