ရွှေပြည်သာ စက်တင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ကိုအသုံးပြု၍ ဆန္ဒမဲပေးတတ်စေရန် ရည်ရွယ်၍ မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ(၂၃)ရက်နေ့နံနက်ပိုင်းက အမှတ် (၄) ရပ်ကွက်ရှိ MYANMAR FALA FALA, MYANMAR XIANG RUI, ASIA LINK MYANMAR. နှင့် HEIMITE Co.,LTD တို့တွင် ကျင်းပပြုလုပ်သည်။
ထိုသို့ ကျင်းပရာတွင် သက်ဆိုင်ရာဌာနများမှ နည်းပြဆရာများက မြန်မာအီလက်ထရောနစ်မဲပေးစက်အကြောင်း သိကောင်းစရာများကို MEVM စက်၊ ဗီနိုင်း၊ ပိုစတာများဖြင့် ရှင်းလင်းဟောပြောပြီး မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကို အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်းများကို တက်ရောက်လာသည့် မဲဆန္ဒရှင် ပြည်သူများအား လက်တွေ့သရုပ်ပြဆောင်ရွက်ပေးသည်။
အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအစီအစဉ်များ ကွင်းဆင်းဆောင်ရွက်ရာတွင်လည်း မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ အမှတ်(၄) ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ သက်ဆိုင်ရာစက်ရုံများမှ တာ၀န်ရှိသူများက မဲဆန္ဒရှင်ပြည်သူများအား MEVM စက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအစီအစဉ်ကို ရှင်းလင်းပြောကြားကြပြီး မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် တစ်ဦးချင်း စမ်းသပ်မဲပေးခြင်းကို ဆောင်ရွက်ကြကြောင်း သိရှိရသည်။
အေးမိုး(ပြန်/ဆက်)