ရပ်စောက်မြို့နယ်၌ (၁၉) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲ ဆောင်ရွက်

ရပ်စောက် စက်တင်ဘာ ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် (၁၉) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်ရေးနေ့အိမ်းအမှတ်အကြိုဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်က အဖွင့်အမှာစကားပြောကြားပြီး လက်ထောက်ကြီးကြပ်ရေးမှူး ဒေါ်တင်တင်မိုးနှင့် ဒုတိယလက်ထောက်ဦးစီးမှူး ဦးမင်းသူရိန်တို့က ခွေးရူးရောဂါဆိုသည်မှာ၊ ခွေးရူးရောဂါကူးစပ်ခံရနိုင်သည့်နည်းလမ်းများ၊ ခွေးရူးရောဂါကူးစပ်မှုအန္တရာယ်ရှိသောသူများ၊ ခွေးရူးရောဂါလက္ခဏာများ၊ ခွေးရူးပြန်ရောဂါဖြစ်စေရန် ကာကွယ်ရမည့်နည်းလမ်းများ၊ ခွေးရူးရောဂါကာကွယ်ဆေးမဖြစ်မနေထိုးရမည့်အခြေအနေ စသည့်အကြောင်းအရာများကို ဟောပြောခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)