ကျောက်ဆည်မြို့တွင် ဆင်အကအလှပြိုင်ပွဲနှင့် ဆင်လှူပွဲတော် ကျင်းပနိုင်ရေး (ဒုတိယ) အကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကျောက်ဆည် စက်တင်ဘာ ၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်အကအလှပြိုင်ပွဲနှင့် ဆင်လှူပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၂၄ ရက်နေ့ နံနက် နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ယာယီ)အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဆင်အကအလှပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီအတွင်း​ရေးမှူး၊ ဦးထိုက်ထိုက်ဇော်က ဆင်အကအလှပြိုင်ပွဲကို ယခင်နှစ်များအတိုင်း သီတင်းကျွတ်လဆန်း (၁၄) ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဆုကြေးများကိုလည်း ထိုက်တန်စွာချီးမြှင့် သွားမည်ဖြစ်ကြောင်းနှင့် ဆင်အကအလှပြိုင်ပွဲအား စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး မြို့မိ၊ မြိုဖများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဆင်အကအဖွဲ့များအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြစေလိုကြောင်း၊ ပြိုင်ပွဲဝင်ရာ၌ အခက်အခဲများရှိပါက ဆွေးနွေးတင်ပြကြစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာသည့် ပြိုင်ပွဲဝင်ဆင်အဖွဲ့များမှ လိုအပ်သည်များ တင်ပြကြရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမှ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

ယခုနှစ် ဆင်အကအလှပြိုင်ပွဲတွင် ဘော်ကြယ်ဆင် (၃) စီး၊ ရိုးရာဆင် (၅) စီး၊ ကလေးဆင် (၄) စီး၊ သဘာဝတီထွင်ဆန်သစ်မှုဆင် (၂) စီး စုစုပေါင်းဆင် (၁၄) စီး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းနှင့် ဆင်ပြိုင်ပွဲတော်ကြီး စည်းကားသိုက်စေရေး ခေတ်ပေါ်တေးဂီများနှင့်အတူ  ဆင် (၅၄) စီးမှလည်း မြို့မဈေးကြီးအား (၃) ပတ် လှည်လည်ပြီး ကပြဖျော်ဖြေသွားမည်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)