ပုဂံမြို့ဟောင်းရှိ အာနန္ဒာဘုရားကြီး ကွမ်းတောင်တော်ဦး အထွဋ်စေတီတော်၊ မုခ်ကပ်ဆင်းတုတော် (၂၀) ဆူတို့အား ရွှေသင်္ကန်း ကပ်လှူပြီးစီး

ညောင်ဦး စက်တင်ဘာ ၂၅

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့ဟောင်းရှိ ကျန်စစ်သားမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် အာနန္ဒာဘုရားကြီး ရွှေသင်္ကန်းကပ်လှူပြီးစီးမှု အခြေအနေတို့အား စက်တင်ဘာ ၂၄ ရက်၊ ၁၀ နာရီခွဲက ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်တာဝန်ရှိသူများ စစ်ဆေးခဲ့ကြောင်း သိရသည်။

အာနန္ဒာ‌‌ဘုရားကြီး၏ ကွမ်းထောင်တော်၊ အထွဋ်စေတီ‌တော်၊ မုခ်ကပ်ဆင်းတုတော် (၂၀) နှင့် နတ်ရုပ်ကြီးများအား ရွှေသင်္ကန်းကပ်လှူခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်ခရိုင်ကော်မတီဝင်များ၊ ခရိုင်သာသနာရေးမှူး ဦးနေလင်းသိန်းတို့သည် ရွှေသင်္ကန်းရာနှုန်းပြည့်ပြီးစီးမှုတို့အား ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် အာနန္ဒာဘုရား‌ကြီး၏ တောင်ဘက်ရုံခံတန်ဆောင်းနှင့် စောင်းတန်းတို့အား စက်တင်ဘာ ၂၃ ရက်‌နေ့မှစ၍ Easy Gold ဖြင့် ရွှေချခြင်းလုပ်ငန်း စတင်ဆောင်ရွက်ခဲ့ရာ လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း