မိုးနဲ စက်တင်ဘာ ၂၅
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(တောင်ပိုင်း)တာဝန်ခံနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက် ၇ နာရီအချိန်က ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ မိုးနဲမြို့သို့ရောက်ရှိပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(တောင်ပိုင်း) တာဝန်ခံ ဦးခင်မောင်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကျင်းပရာ၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုသော မဲပေးစက်များ၏ အားသာချက်များ၊ မဲရလဒ်များအား အချိန်တိုအတွင်းရရှိနိုင်ခြင်း၊ မဲဆန္ဒရှင်များအနေဖြင့် လွယ်ကူစွာဆန္ဒမဲပေးနိုင်သည့်အတွက် ခိုင်မာမှုရှိကြောင်း၊ မဲပေးစက်များအသုံးပြုခြင်းဆိုင်ရာ သင်တန်းများပေး၍ လက်တွေ့အသုံးပြုတတ်ရန်လိုအပ်ကြောင်း၊ မဲစာရင်းများ ပြည့်စုံမှန်ကန်ရေးဆောင်ရွက်ရန် ကိစ္စရပ်များ၊ ရွေးကောက်ပွဲဆိုင်ရာဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးစုဝေးရေးနှင့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးနှင့် သတင်းရယူခွင့်ပြုရေးဆိုင်ရာကိစ္စရပ်များ၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးခွင့်ရရှိရေးနှင့် ကြိုတင်မဲပေးခြင်း၊ မဲရုံတွင်းမဲပေးခြင်းနှင့် ရွေးကောက်ပွဲရလဒ်များ စနစ်တကျထုတ်ပြန်နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ရေးနှင့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့် မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ၊ မဲပေးစက်ဆိုင်ရာနည်းပညာအထောက်အကူပြုအဖွဲ့ဝင်များကို စုဖွဲ့သင်တန်းပေးလေ့ကျင့်ရေးတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းမှာကြားခဲ့သည်။
ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများက ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိမှု မိုးနဲမြို့နယ်အတွင်း ရွေးကောက်ပွဲကျင်းပမည့်နေရာများအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များ ဖြန့်ခွဲ၊ သယ်ဆောင်အသုံးပြုမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲအောင်မြင်စွာပြီးမြောက်ရေးလုပ်ငန်းစဥ်များအား တာဝန်ရှိသူများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားစေလိုကြောင်း မှာကြားခဲ့သည်။
မြို့နယ်(ပြန်/ဆက်)