မိုးနဲမြို့နယ်၌ အမှတ်(၁၀)အခြေခံပညာမူလတန်းကျောင်းသို့ မိုဘိုင်း Library စနစ်ဖြင့် စာအုပ် စာစောင်များ အခမဲ့ကွင်းဆင်းငှားရမ်း

မိုးနဲ စက်တင်ဘာ ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ စာဖတ်ရှိန်မြှင့်မားလာစေရန်နှင့် စာကြည့်တိုက်လုပ်ငန်းများ ပိုမိုတွင်ကျယ်လာစေရန် ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ် (၁၀) နမ့်ဟူးပစ် အခြေခံပညာမူလတန်းကျောင်း၌ မိုဘိုင်း Library စနစ်ဖြင့် စာအုပ် စာစောင်များ အခမဲ့ ကွင်းဆင်းငှားရမ်းပေးခဲ့ကြသည်။

မိုးနဲမြို့နယ် ပြည်သူ့စာကြည့်တိုက်အနေဖြင့် စာကြည့်တိုက်လုပ်ငန်းများ ပိုမိုတွင်ကျယ်လာစေရေး၊ စာဖတ်ရှိန်မြှင့်မားလာရေးတို့အတွက် အခြေခံပညာကျောင်းများသို့ ကွင်းဆင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောခြင်း၊ စာအုပ်ပြပွဲများ ဆောင်ရွက်ခြင်း၊ မိုဘိုင်းစနစ်ဖြင့် အခမဲ့ ငှားရမ်းပေးခြင်းတို့အပြင် အွန်လိုင်းအသိပညာပေးခြင်းများကိုပါ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ စာအုပ်စာစောင်များ ငှားရမ်းလိုက်ခြင်းကြောင့် ကျောင်းသား/သူများအနေဖြင့် ပြင်ပစာအုပ် စာစောင်များကို လွယ်လင့်တကူ ဖတ်ရှုနိုင်ခြင်း၊ အားလတ်သောအချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ခြင်း၊ စာအုပ်စာပေ၏ အကျိုးကျေးဇူးများကို ပိုမိုနားလည်လာခြင်း၊ ပြည်သူ့စာကြည့်တိုက်၏ အသုံးဝင်ပုံကို နားလည်လာခြင်း၊ အသိပညာ ဗဟုသုတများကို ပြန်လည်မျှဝေနိုင်ခြင်း၊ ဗလငါးတန်နှင့်ပြည့်စုံစေခြင်းတို့အပြင် အမှား အမှန်ကိုပါ ဝေဖန်ပိုင်းခြား နိုင်လာမည်ဖြစ်ကြောင်း သိရသည်။

ဇင်ကိုကို