မိုင်းခတ် စက်တင်ဘာ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ၂၀၂၅ ခုနှစ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဖလား မိုးရာသီ အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီ အချိန်က မိုင်းခတ်မြို့နယ် အားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပရာ(အ.ထ.က) မိုင်းခတ်ကျောင်းသား ကျောင်းသူလေးများက Fitness Dance အကနှင့်ထာဝရ မြန်မာသီချင်းဖြင့် ကပြဖျော်ဖြေပြီးပြိုင်ပွဲကို ဖွင့်လှစ်ခဲ့သည်။
အဆိုပါ နောက်ဆုံးဗိုလ်လုပွဲတွင် မိုင်းလားအသင်းနှင့် ရပ်ကွက်(၁)အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မိုင်းလားအသင်းမှ ရပ်ကွက်(၁)အသင်းအား ၂ ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ရာ ပထမဆုရရှိသော မိုင်းလားအသင်းအားငွေသားကျပ်(၁၀)သိန်း၊ တံခွန်စိုက်ဆုဖလားနှင့် တစ်ဦးချင်းဆုတံဆိပ်များ၊ ဒုတိယဆုရရှိသော ရပ်ကွက်(၁)အသင်းအား ငွေသားကျပ်(၈)သိန်းနှင့် တစ်ဦးချင်းဆုတံဆိပ်များပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ ရှေ့တန်း၊ အလယ်တန်းနှင့် နောက်တန်းအကောင်းဆုံး အားကစားသမားဆုများ၊ အကောင်းဆုံးဂိုးသမားဆုနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆု၊ ကျိုင်းတုံအားကစားပွဲသို့ သွားရောက်ယှဉ်ပြိုင်ခဲ့သည့် (အ.ထ.က) မိုင်းခတ်မှ ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းနှင့် (အ.ထ.က) မိုင်းခတ် Clean and Green အတွက် ငွေသားကျပ်သိန်း (၃၀) အား ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဘောလုံးပြိုင်ပွဲနောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ စစ်ဗျူဟာအဖွဲ့(အခြေချ) (မိုင်းခတ်)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်အေးထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟန်ဝင်းလတ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအေးထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)