ပင်းတယ ဒီဇင်ဘာ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းရှိ Facility Quarantine Centre တွင်ထား ရှိသော တိုင်းနှင့်ပြည်နယ်အသီးသီးရှိ တပ်ရင်း တပ်ဖွဲ့များမှ ရှမ်းပြည်နယ်အတွင်းရှိ တပ်ရင်း/ တပ်ဖွဲ့များသို့ ပြောင်းရွှေ့လာသည့် ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ယမန်နေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါပိုး ရှိ / မရှိ Swab များရယူ၍ တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံကြီးရှိ ရည်ညွှန်း ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခဲ့ကြောင်းသိရသည်။
အဆိုပါ တိုင်းနှင့်ပြည်နယ် တပ်ရင်း / တပ်ဖွဲ့အသီးသီးမှ ရှမ်းပြည်နယ်သို့ တာဝန်ထမ်း ဆောင်ရန်ပြောင်းရွှေ့လာသော ရဲတပ်ဖွဲ့ဝင် (၉) ဦးနှင့် လိုက်ပါပြောင်းရွေ့မှီခိုသည့် မိသားစုဝင် (၂၅) ဦး စုစုပေါင်း(၃၄) ဦးတို့၏ နာခေါင်းနှင့် အာခေါင်တို့ဖတ် နမူနာများကို မြို့နယ် ကျန်းမာရေးဦးစီးဌာန ကုသရေးဦးစီးမှူး ဒေါက်တာမို့မို့ကြည်နှင့် ကျန်းမာရေးဝန်ထမ်းများက ရယူ ပေးခဲ့ကြ ပြီးတောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံကြီးရှိ ကိုဗစ်-၁၉ ရောဂါရှာဖွေ ကုသရေးဌာန ရည်ညွှန်း ဓာတ်ခွဲခန်းသို့ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခြင်း ရှိ/ မရှိ သိရှိနိုင်ရန် ပေးပို့ စစ်ဆေးခဲ့ကြောင်း သိရသည်။
ယခုပေးပို့စစ်ဆေးခဲ့သည့် ပြောင်းရွေ့ရဲတပ်ဖွဲ့ဝန်ထမ်းများအား ပင်းတယမြို့သို့ စတင် ရောက်ရှိခဲ့သည့် ဒီဇင်ဘာ (၁၄) ရက်နေ့က ကိုဗစ်-၁၉ ရောဂါစမ်းသပ်ရှာဖွေသည့် Rapid Test Kits များဖြင့်စမ်းသပ်ခဲ့ရာ အားလုံးတွင် ရောဂါပိုး မတွေ့ရှိ(မတွေ့ရှိ) ရကြောင်းနှင့် ယခုထပ် မံ၍ Swab များရယူကာ ပေးပို့စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။
ပင်းတယ(ပြန်/ဆက်)