တပ်ကုန်း စက်တင်ဘာ ၂၅
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တပ်ကုန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စပါးစိုက်ခင်းများ ရေဝင်ရောက်မှု၊ ရေစီးရေလာကောင်းမွန်ရေး၊ အရိပ်ရသစ်ပင်စိုက်ပျိုးမှု ကွင်းဆင်းကြည့်ရှုခဲ့သည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများ “တိုင်ဖွန်းမုန်တိုင် ရာဂါဆာ” ဝင်ရောက်မှုကြောင့် မိုးရွာသွန်းခဲ့သဖြင့် တောင်ကျရေများနှင့် နဝင်းချောင်းရေလျံကာ ရှောက်ကုန်းကျေးရွာ၊ ကွင်းအမှတ်(၁၄၁၁-က)၊ စပါးစိုက်ခင်းများအတွင်း ရေများဝင်ရောက်လာမှုအား ကြည့်ရှုစစ်ဆေး၍ စပါးစိုက်ခင်းများ ပျက်စီးမှုမရှိစေရေးနှင့် လိုအပ်သည်များ သက်ဆိုင်ရာ ကျေးရွာအုပ်စုတာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ပြီးနောက် ရန်ကုန်-မန္တလေးကားလမ်းဟောင်း၊ အဆုံ(ဇီကုန်း)တံတား၊ ကင်းသာချောင်းကူးတံတားများ ရေစီးဆင်းနေမှုများ ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများ ဗိုလ်မင်းရောင်ရပ်ကွက်၊ စုပေါင်းအင်အားစနစ်ဖြင့် တိုးချဲ့(၁၈)လမ်း အရှည် ၃၀၀ပေ ရိစာလမ်းခင်းခြင်း၊ Box Culvert ၊ ရေဆိုးထုတ်မြောင်းဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးကာ အလှူငွေများပေးအပ်ခဲ့ပြီးနောက် အနော်ရထာရပ်ကွက်၊ နဝင်းချောင်းကူးတံတားအား ရေစီးဆင်းမှုကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများ မြို့နယ်မီးသတ်စခန်းသို့ ရောက်ရှိ၍ ဌာနဆိုင်ရာများ၊ မီးသတ်ဝန်ထမ်းများ၊ MSME အသင်းဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဆန်ကုန်သည်၊ ဆီကုန်သည်အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့်တွေ့ဆုံကာ မီးသတ်ကားများ၊ စပိဘုတ်များ၊ ကူညီကယ်ဆယ်ရေးအဖွဲ့များ အသင့်ပြင်ဆင်ထားရှိရေး၊ ဇာတ်တိုက်လေ့ကျင့်မှုများ စဉ်ဆက်မပြတ် လေ့ကျင့်ဆောင်ရွက်ထားရှိရေး၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာလျှင် အချိန်နဲ့တပြေးညီ ကူညီနိုင်ရေးပြင်ဆင်ထားရှိရေး ဆွေးနွေးမှာကြားခဲ့ပြီးနောက် ရွှေဥဒေါင်းကျေးရွာအဝင်လမ်း၊ မဲအင်းကျေးရွာအဝင်လမ်းများတွင် လမ်းဘေးဝဲ/ယာရှိ အရိပ်ရသစ်ပင်များ စိုက်ထားရှိမှုနှင့် ကျေးလက်နေတောင်သူများ သီးနှံများ အောင်မြင်အောင်ဆောင်ရွက်နေမှုများ ကြည့်ရှုအားပေးခဲ့ပြီး သက်ဆိုင်ရာကျေးရွာတာဝန်ရှိသူများအား မြို့ရွာလမ်းများ ကွာခြားချက်မရှိအောင် စိုက်ပျိုးထားသည့် အပင်များရှင်သန်ကြီးထွားအောင်ဆောင်ရွက်ရေး ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
တင်စိုးလွင်(ပြန်/ဆက်)