အင်းစိန်မြို့နယ် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်‌ရေးနှင့် ဟောပြောပွဲကျင်းပ

အင်းစိန် စက်တင်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသော စာဖတ်ရှိန်မြှင့်တင်‌ရေးနှင့် ဟောပြောပွဲ၊ပြပွဲ၊ ပြိုင်ပွဲကို ယနေ့ နံနက်(၁၀) နာရီအချိန်က အင်းစိန်မြို့နယ် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ ရတနာဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အ-ထ-က-(၄)၊အင်းစိန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာက အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန၊  လက်ထောက်ညွှန်ကြား‌ရေးမှူး ဒေါ်စန္ဒာထွန်းက စာဖတ်ရှိန်မြှင့်တင်‌ရေးနှင့် ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် စာပေ၏အကျိုးကျေးဇူးကို ဟောပြောပါသည်။

ဆက်လက်ပြီး  စာရေး ဆရာ ဒေါက်တာ ဗိုလ်သံမဏိ (တောင်တွင်းကြီး)က စာဖတ်ခြင်း၏ ဂုဏ်ကျေးဇူးခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး၊ စာရေးဆရာ ဝင်းနွယ် (ပုသိမ်)က စာပေဆိုင်ရာအသိပညာခေါင်းစဥ်ဖြင့်ပြောကြားခဲ့ကြသည်။

စာဖတ်ရှိန်မြှင့်တင်‌ရေးနှင့် ဟောပြောပွဲသို့ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် အ.ထ.က.(၄)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူ စုစုပေါင်း (၃၀၀)ဦးတက်ရောက်ခဲ့ပြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော အသိပညာပေးနံရံကပ်စာစောင်များ၊ သုတ၊ ရသ စာအုပ်စာစောင်များ  စိတ်ပါဝင်စားစွာ ကြည့်ရှု့ကြပြီး၊ ဉာဏစွမ်းရည်ပြိုင်ပွဲဖြစ်သည့် စကားပုံဆက်ပြိုင်ပွဲနှင့် ခွက်စီဂိမ်းများကို ကျောင်းသား၊ ကျောင်းသူများက ပျော်ရွှင်စွာပါဝင်ကစားခဲ့ကြောင်း သိရသည်။

ထွန်းလင်းကျော်(ပြန်/ဆက်)