ကော့မှူးမြို့နယ်တွင် ၁၉ ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြော

ကော့မှူး စက်တင်ဘာ ၂၄

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်မည့် ၁၉ ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက် အခြေခံပညာအထက်တန်း အ.ထ.က(ကော့မှူး)ကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ မိုးဆန်းပန်း ခွေးရူးရောဂါသည် ခွေးရူးပြန်ဗိုင်းရပ်စ်ပိုး (Rabies virus) ကူးစက်ခြင်းကြောင့် ဖြစ်သောကြောက်စရာ ကောင်းသည့် ရောဂါတစ်မျိုးဖြစ်ပြီး အဓိကအားဖြင့် ခွေးနှင့်လင်းနို့များမှ တစ်ဆင့်လူကိုကူးစက်ခြင်း ဖြစ်ကြောင်း၊ ခွေးရူးပြန်ရောဂါရှိသော တိရစ္ဆာန်များကိုက်ခံရခြင်း (သို့မဟုတ်)ကုတ်ခံရခြင်းမှတစ်ဆင့် ကူးစက်ခံရပြီး ခွေးရူးပြန်ရောဂါဖြစ်လျှင် အသက်သေဆုံးနိုင် ခြေများကြောင်း၊ ခွေးကြောင်များကို အသိရှိရှိဖြင့်ခွေးရူးရောဂါ ကာကွယ်ဆေးထိုးနှံခြင်းသည် မိမိနှင့်မိသားစုကိုသာမက လူအဖွဲ့အစည်း တစ်ခုလုံးကို ခွေးရူးရောဂါအန္တရာယ်မှကာကွယ်နိုင်ကြောင်း၊ လူတွင်ခွေးကိုက်ခံရပါက ခွေးရူးရောဂါ မဖြစ်အောင်ကာကွယ်ရန်နည်းလမ်းများ၊ ခွေးရူးရောဂါမဖြစ်ပွားရန် ခွေးများကို ခွေးရူးရောဂါကာကွယ် ဆေးထိုးနှံရန်လိုအပ်ကြောင်းနှင့် ခွေးရူးပြန်ရောဂါနှင့်ပတ်သက်သော အကြောင်းအရာများကို ဟောပြောခဲ့ကြောင်းသိရသည်။

အဆိုပါအသိပညာပေးဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ ၂၀၀ ဦးခန့် တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများ ခွေးရူးပြန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ 

ကျော်သူရ(ကော့မှူး)