ပုဗ္ဗသီရိ စက်တင်ဘာ ၂၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ တပင်ရွှေထီးရပ်ကွက်တွင် ယမန်နေ့ ညနေ ၆ နာရီခန့်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရပ်ကွက်အတွင်းရှိ မြေနိမ့်ရာနေများတွင် ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည်။
အဆိုပါရေဝင်ရောက်မှုကြောင့် ရပ်ကွက်အတွင်းရှိ လူနေအိမ်များ၊ တပင်ရွှေထီးရပ်ကွက်ဈေး၊ ခုတင်(၃၀၀)ဆေးရုံဝန်း၊ GE ဓာတ်အားခွဲရုံနှင့် အ-ထ-က (၂၀) ကျောင်းဝန်းအတွင်း မိုးရေများ (၂)ပေခန့်. မြင့်တက်ဝင်ရောက်ခဲ့ပြီး ဖြစ်ပွားရာနေရာသို့ ဇေယျာသီရိခရိုင် အုပ်ချုပ်ရေးမှူး ဦးစောနိုင်၊ ဇေယျာသီရိခရိုင် ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီး ကျော်လင်းထွန်း၊ ပုဗ္ဗသီရိမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိန်ကြည်နှင့် တာဝန်ရှိသူများက သွားရောက်၍ ရပ်ကွက်နေပြည်သူများ၊ အ-ထ-က (၂၀)ကျောင်းဝန်းနေကျောင်း ဆရာ/ဆရာမများအား ဘေးလွတ်ရာသို့ ကူညီပြောင်းရွှေ့ဆောင်ရွက်ပေးခဲ့ပြီး သဘာဝဘေးအန္တရာယ်မှကင်းရှင်းနိုင်ရေး စုပေါင်းဆောင်ရွက်ပေးခဲ့ပြီး အဆိုပါရေဝင်ရောက်မှုကြောင့် လူနှင့်တိရိစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)