မိုးညှင်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်နှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

မိုးညှင်း စက်တင်ဘာ  ၂၄

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိမြှင့်တင်ရေးအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၀)နာရီက အခြေခံ ပညာမူလွန်(အရှေ့စု)ကျောင်း ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် အခြေခံပညာမူလွန်(အရှေ့စု)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာမော်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်နွယ်နွယ်အေးက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ကျောင်းသားလူငယ်များ စာဖတ်သည့် အလေ့အထကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် စာကြည့်တိုက် ယဉ်ကျေးမှုထွန်းကားပြီး စာကြည့်တိုက်များသို့ ဝင်ထွက်သွားလာသတ်သည့် အလေ့အကျင့် ကောင်းများ ရရှိစေရန်စသည့် ရည်ရွည်ချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ဟောပြောပွဲသို့ ခရိုင်ပြန်/ဆက်ဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၅၀) ဦး တက်ရောက်ကြပြီး ခရိုင်ပြန်/ဆက်ဦးစီးဌာနမှခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များနှင့် သုတရသစာအုပ်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း