တိုက်ကြီး စက်တင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖြန့်ဖြူးရောင်းချပေးသည့် ဓာတ်မြေဩဇာဖိုးငွေများ သတ်မှတ်ကာလအတွင်း အပြေအကြေပြန်လည်ကောက်ခံရေးနှင့် ဧက ၅၀ လျှင် မျိုးစေ့ချကိရိယာတစ်လက်နှုန်း ဝယ်ယူဖြန့်ဖြူးရောင်းချနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၂၂ ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်စိုးက ဓာတ်မြေဩဇာဖိုးငွေများ သတ်မှတ်ကာလအတွင်း အပြေအကြေပြန်လည်ကောက်ခံရရှိရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ဝင်များ တာဝန်ပေးအပ်ထားမှုအခြေအနေ၊ ပြန်လည်ကောက်ခံမည့်ကာလနှင့် ပြန်လည်ကောက်ခံမည့် အစီအစဉ်များ၊ ရပ်ကွက်/ကျေးရွာများအား မျိုးစေ့ချကိရိယာများ ဖြန့်ဝေထားရှိမှုနှင့် ဧက ၅၀ လျှင် မျိုးစေ့ချကိရိယာတစ်လက်နှုန်း ဝယ်ယူနိုင်ရေးစီမံဆောင်ရွက်ထားရှိမှုအခြေအနေများကို ဆွေးနွေးပြောကြားရာ တက်ရောက်လာသည့် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ဝင်များက ဆောင်ရွက်မည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ အကြံပြုဆွေးနွေးခဲ့ကြသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် စက်မှုလယ်ယာဦးစီးဌာနနှင့် ကုမ္ပဏီမှ ရောင်းချပေးမည့် မျိုးစေ့ချကိရိယာနမူနာများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဝတ်ရည် (ပြန်/ဆက်)