ကော့မှူး စက်တင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအခြေခံစား သောက်ကုန်များဝယ်ယူစားသုံးမှုအဆင်ပြေစေရန်အတွက် မြို့မဈေးကြီးအတွင်းအပြင်၌ ရောင်းချသောအခြေခံစားသောက်ကုန်များအား သတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချမှုရှိမရှိကို ယနေ့နံနက်ကဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့ကလိုက်လံ စစ်ဆေးနေကြကြောင်းသိရသည်။
ထိုသို့လိုက်လံစစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံဦးတင်မင်းနှင့် ဝန်ထမ်းများ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်မြင့်မြင့်စန်း၊ မြို့မဈေးတာဝန်ခံ ဦးအေးသွင်နှင့်တာဝန်ရှိသူများက ဒေသခံပြည်သူလူထုစားသောက်ရေးအတွက်မရှိမဖြစ်လိုအပ်သည့် အခြေခံစားသောက် ကုန်များဖြစ်သော စာအုန်းဆီရောင်းချသောဆိုင်များ၊ ဆန်ဆိုင်များ၊ ကြက်ဥ ဘဲဥအရောင်းဆိုင်များ၊ ကုန်ခြောက်ဆိုင်များတွင် သတ်မှတ်ထားသည့် ဈေးနှုန်းအတိုင်းရောင်းချခြင်း ရှိမရှိနှင့် ဈေးနှုန်းကစားရန်ရည်ရွယ်၍ သိုလှောင်ထားခြင်းမရှိစေရေး အတွက်အသိပညာပေးခြင်းလုပ်ငန်းများကို လည်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကျော်သူရ (ကော့မှူး)