ရန်ကုန် စက်တင်ဘာ ၂၄
သန်လျင်ခရိုင် သန်လျင်မြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား/သူများအားဆုံဆို့၊ မေးခိုင်ကာကွယ်ဆေးနှင့် ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က အလက(ခွဲ) ဗိုလ်ချုပ်၊ မူလွန်(၂)ကျောင်း၊ ညောင်လေးပင် မူလွန်နှင့်ကံသာမြင့် မူလွန် ကျောင်းတို့၌ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစံလင်း ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက အဖွဲ့များခွဲကာ ဆရာ/ဆရာမများပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးလျက် ရှိရာအသက်(၅)နှစ် ပြည့်ပြီး(၇)နှစ် မကျော်သောကျောင်းသား/သူများအားဆုံဆို့၊ မေးခိုင်ကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်ခဲ့ပြီးအသက်(၉)နှစ်ပြည့်ပြီး (၁၀)နှစ်မကျော်သောကျောင်းသူများအား (HPV)သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေးများကို ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ(သန်လျင်)