မြစ်ကြီးနားမြို့၊‌ ငွေပျော်စံပြ‌ကျေးရွာ၌ သဘာဝဘေးအသိပညာပေး၊ စားနပ်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်လှူဒါန်း

ဝိုင်းမော်  စက်တင်ဘာ ၂၄

ကချင်ပြည်နယ်၊ လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမူဦးစီးဌာနမှ သဘာဝဘေးအသိပညာပေး ဟောပြောခြင်း၊ စားနပ်ရိက္ခာနှင့်ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို မြစ်ကြီးနားမြို့၊ ပလနကျေးရွာအုပ်စု၊ ငွေပျော်စံပြကျေးရွာခန်းမတွင် ယမန်နေ့နံနက်(၁၀)နာရီချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကချင်ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်လှကေသီမာနှင့်အဖွဲ့၀င်များ၊ ပလနကျေးရွာအုပ်စုတာဝန်ရှိသူများက မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ (IDPs) စခန်း(၈)ခုရှိ မြစ်ကြီးနားမြို့၊ ငွေပျော်စံပြကျေးရွာသို့ပြောင်းရွှေ့အခြေချနေထိုင်သည့် အိမ်ထောင်စု(၄၀)စုမှကျား(၁၀၇)ဦး၊ မ(၁၁၂)ဦး၊ စုစုပေါင်း(၂၁၉)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ၊ ပြောင်းရွှေ့စရိတ်နှင့် ကယ်ဆယ်ရေး ပစ္စည်း (၁၆)မျိုးပါပုံး(၄၀)ပုံးများ ပေးအပ်လှူဒါန်းခဲ့သည်။

ဆက်လက်ပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်လှကေသီမာက သဘာဝဘေးနှင့်ပတ်သတ်သည့် အသိပညာများ ဟောပြော‌ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဝေငှခဲ့သည်။

ဖြူစင်