ခရမ်း စက်တင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ကျောင်းအခြေပြု သားအိမ်ခေါင်း ကင်ဆာရောဂါ (HPV) ကာကွယ်ဆေးနှင့်ဆုံဆို့၊ မေးခိုင်ရောဂါ (DT)ကာကွယ် ဆေးထိုးနှံ ပေးခြင်းကို မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများမှကလေးငယ်များအား ကျန်းမာရေးဦး စီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းထိုးနှံပေးလျက်ရှိသည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ပညာသင်ကြားနေသော အသက်(၉)နှစ်မှ (၁၀)နှစ်အထိ ကျောင်းနေအရွယ်မိန်းကလေး (၁၃၃၈) ဦးကို သားအိမ်ခေါင်းကင်ဆာ (HPV)ကာကွယ်ဆေးကို လည်းကောင်း၊ ဆုံဆို့-မေးခိုင်ရောဂါ(DT ) ကာကွယ်ဆေးထိုးနှံခြင်းကို အသက် (၅) နှစ်ပြည့်ပြီး (၇) နှစ်မပြည့်သေးသော KG ကျောင်းသားကျောင်းသူ (၂၆၁၉) ဦးကို လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်းထိုးနှံပေးခဲ့ပြီးဖြစ်ပြီး မြို့နယ်အတွင်း ထိုးနှံရန်ကျန်ရှိကျောင်းများအား ကျောင်းအခြေပြုကာကွယ်ဆေးထိုးနှံခြင်းများ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနထံမှသိရသည်။
ခရမ်း(ပြန်/ဆက်)