သာကေတ စက်တင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (BookClub) အဖွဲ့မှ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမတွင် စာဖတ်ဝိုင်းအားကျင်းပခဲ့သည်။
ရှေးဦးစွာ (Book Club) ဥက္ကဋ္ဌစာရေးဆရာမနန်းဟင်းပြင်းက အဖွင့်မုဒိတာစကားကိုပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အိရွှေစင်လတ်က လစဉ်စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကိုပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စာအုပ်စာစောင်ချစ်နိုးမြတ်သူများ (BookClub) အဖွဲ့ဥက္ကဋ္ဌ ဆရာမနန်းဟင်းပြင်းက ဒီနေ့စာဖတ်ဝိုင်းမှာ မိမိတို့အကြိုက်ဆုံးစာအုပ်အကြောင်းနဲ့ပတ်သတ်ပြီး ဆွေးနွေးကြရန်နှင့် မိမိအနေဖြင့် စာရေးဆရာမြသန်းတင့်ရေးသားထားသည့် လေရူးသုန်သုန်စာအုပ်နှင့်ပတ်သတ်၍ ဦးဆောင်ဆွေးနွေးပြီး ဆရာမဆွေဆွေမြင့်မှ စာရေးဆရာတင်ညွှန့်ရေးသားထားသော ဘာသာပြန်ဝတ္ထုဖြင့်လည်းကောင်း၊ ဆရာဇော်ထူးနိုင်မှ စာရေးဆရာတွေရဲ့ စိတ်နေစိတ်ထားနေထိုင်မှုအကြောင်း၊ ဆရာမပျိုပျို (သစ်တော) က စိတ်ဓာတ်ကျခြင်းဖြင့် ရူးနိုင်ကြောင်း၊ စိတ်ပိုင်းဆိုင်ရာအကြောင်း၊ ဆရာမထင်မြင်သာမှ စာရေးဆရာနိုင်ဝင်းသီရေးသားထားသော ကားမောင်းသမားတစ်ယောက်ရဲ့အကြောင်း၊ ဆရာမကြည်ကြည်မြင့်မှ ကျွန်စစ်ကောင်းရေးသားသည့် ကဗျာစာပေနှင့်ပတ်သတ်၍လည်းကောင်း၊ ဆွေးနွေးကြရာတက်ရောက်လာကြသည့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (BookClub) အဖွဲ့ဝင်များစာပေ ဝါသနာရှင် စာရေးဆရာ၊ ဆရာမများကမိမိတို့ ကြိုက်နှစ်သက်ဆုံးစာအုပ်များအား ကဏ္ဍအလိုက် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အိရွှေစင်လတ် (သာကေတ)