ကိုကိုးကျွန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်

ကိုကိုးကျွန်း စက်တင်ဘာလ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community-Centre)ခန်းမတွင် ယနေ့နံနက်(၁၀) နာရီက Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိဦးထွန်း ထွန်းဇော်မှယခုလို Clubအသင်းအဖွဲ့များနှင့် အပတ်စဉ်စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက်စာရေးဆရာ (ဟိန်းလတ်)ရေးသားသော စာတောအလယ်မှာဆက်၍ဆက်ခါ စာအုပ်မှ စာဖတ်ဝိုင်းကိုစတင်ရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းထွန်းဇော်မှ မေတ္တာအိမ်ခေါင်းစဉ်၊ အိပ်၍မပျော်သောညများခေါင်းစဉ်၊ ဆေးရုံပေါ်မှအတွေးစများ ခေါင်းစဉ်များဖြင့် စတင်ဦးဆောင်ဖတ်ရှုဆွေးနွေးခဲ့ပြီး တက်ရောက်လာသော Book Club အသင်းဝင်အဖွဲ့မှ မောင်စိုးမိုးမှ ကိုယ်တို့ငယ်ငယ်စာသင်တုန်းက ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒေါ်ခင်စိုး မှ အဆင့်မြင့်ပညာကိုရှာရာတွင် ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဖတ်ရှုဆွေးနွေးခဲ့ကြပြီး ကျန်အဖွဲ့ဝင်များမှလဲ အဆိုပါစာအုပ်ပါအခြားခေါင်းစဉ်များကို အပြန်အလှန်ဖတ်ရှုဆွေးနွေးခဲ့ကြရာ ဆွေးနွေးချက်များအပေါ် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းထွန်းဇော်မှ ပြန်လည်သုံးသပ်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)