လှည်းကူးမြို့နယ်၌ ဆုံဆို့မေးခိုင် (DT) ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး(HPV)ထိုးနှံပေးခြင်း ဆောင်ရွက်

လှည်းကူး စက်တင်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (မြို့မ) တွင် ကျောင်းသား/သူများအား ဆုံဆို့မေးခိုင်ကာကွယ်ဆေး (DT) နှင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းအား ယမန်နေ့ နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း (မြို့မ) စုရပ်တွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးများ ထိုးနှံခြင်းဆောင်ရွက်ရာတွင် လှည်းကူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဒေါ်ကြည်ကြည်လွင်နှင့် ကျန်းမာရေးဝန်ထမ်းများက အသက်(၅)နှစ်မှ (၇)နှစ်အတွင်း KG ကျောင်းသားကျောင်းသူ(၁၆၉၂)ဦးအား DT ကာကွယ်ဆေးထိုးနှံပေးခြင်းအားလည်းကောင်း၊ အသက်(၉)နှစ်မှ (၁၀)နှစ်အတွင်း ကျောင်းသူ(၈၇၂)ဦးအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) များကို စုရပ်အလိုက် ထိုးနှံပေးခဲ့ကြပြီး သားအိမ်ခေါင်းကင်ဆာရောဂါနှင့် ပတ်သတ်၍ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အေးအေးနွဲ့