ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင်  ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရန်ကွင်းဆင်းကြည့်ရှု

ဒဂုံအရှေ့ စက်တင်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ပညာ‌ရေး၊ ကျန်းမာရေးကဏ္ဍများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်း‌ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၁၀)နာရီမှစတင်ကာ အခြေခံပညာကျောင်းများ၊ မြို့နယ်ပြည်သူ့ဆေးရုံနှင့် ဒေသန္တရကျန်းမာရေးဌာနများသို့ ကွင်းဆင်း‌ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ဒဂုံမြို့သစ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒေါက်တာရွှေပြည်စိုး ခေါင်းဆောင်သောဌာနဆိုင်ရာများ ပါဝင်သောအဖွဲ့သည် အမှတ်(၂)၊ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းများသို့ ကွင်းဆင်း၍ ပညာသင်ကြားနေမှုအ‌ခြေအနေများ၊‌ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှု အခြေအနေများ၊ ရေစီး‌ရေလာကောင်းမွန်မှု၊ ကျောင်းမုန့်ဈေးတန်း ဆောင်ရွက်ထားရှိမှု အ‌ခြေအနေများ၊ အမှိုက်အမျိုးအစားများ ခွဲခြားစွန့်ပစ်နိုင်‌ရေး အမှိုက်ပုံးအရောင်များ သတ်မှတ်ထားရှိခြင်းများအား ကြည့်ရှုစစ်‌ဆေးခဲ့ပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် မြို့နယ်ပြည်သူ့ဆေးရုံ၊ ကုသရေးဦးစီးဌာနမှ ဒေါက်တာသူရဇော်က ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုများ၊ ဆေးကုသပေးနေမှု လုပ်ငန်းများ၊ဆေးသိုလှောင် ထားရှိမှုအ‌ခြေ အနေများ၊‌ ဆေးရုံပရဝုဏ်အတွင်း သန့်ရှင်းရေးဆောင်ရွက်ထားရှိမှုအခြေ အနေများအားရှင်းလင်းပြောကြားခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်‌ချုပ်ရေးကော်မတီ အဖွဲ့ဝင် ဒေါက်တာရွှေပြည်စိုးက လိုအပ်သည်များကို မှာကြားကာ တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ၁၃၃ ဒေသန္တရကျန်းမာရေးဌာနခွဲသို့ သွားရောက် စစ်ဆေးခဲ့ရာဆရာ/ဆရာမများက ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်ပေးနေမှုအခြေအနေများ၊ ကိုယ်ဝန်‌ဆောင်မိခင်များအား ကျန်းမာရေး စောင့်ရှောက်မှု‌ပေးခြင်း၊  (၅) နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးနေမှု အ‌ခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။

 အေးမဉ္ဇူ