မိုင်းခတ် စက်တင်ဘာ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ယနေ့နံနက်ပိုင်းက ဝမ်ခုတ်ကျေးရွာအုပ်စု၊ ယန်းမိုင်(လားဟူ)ကျေးရွာအတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေးကြောင်း သိရသည်။
ရှေးဦးစွာ မိုင်းခတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်နောင်ထွေးက မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျှော့ချစေရန်၊ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများနှင့် အခြားမိသားစုဝင်ငွေတိုးစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ထုတ်ချေးပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းများက ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့်စည်းကမ်းသတ်မှတ်ချက်များကို ပြောကြားပြီး မြို့နယ်ဦးစီးမှူးက မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင် ၄၀ ဦးတို့ထံ စီမံကိန်းရန်ပုံငွေကျပ်သိန်း ၂၀၀ ကို လွှဲပြောင်းပေးအပ်သည်။
ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ယန်းမိုင်(လားဟူ)ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၂၇ ဦးကို ငွေကျပ်သိန်း၁၄၀၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၃ ဦးကို ငွေကျပ်သိန်း ၆၀ အသီးသီးထုတ်ချေးပေးပေးကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)