ဗိုလ်တထောင် စက်တင်ဘာ ၂၄
ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် ကော်မရှင်ခွဲအဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၂၂ ရက်နေ့ ညနေ ၃ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ရုံးခန်းတွင် ကျင်းပပြုလုပ်သည်။
အစည်းအဝေးကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်က အဖွင့်အမှာစကားပြောကြားပြီး၊ ဗိုလ်တထောင်မြို့နယ် ရဲမှူးကြည်ဇင်မှ လုံခြုံရေးဆောင်ရွက်ထားရှိမှုများအား ဆွေးနွေးခြင်း၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်ဝင်း ကဆွေးနွေးခြင်း၊ တက်ရောက်လာသော မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များမှ ဆွေးနွေးခြင်း၊ ဗိုလ်တထောင်မြို့နယ်အတွင်းရှိ ရပ်ကွက်(၁၂)ရပ်ကွက်မှ တက်ရောက်လာသော အုပ်ချုပ်ရေးမှူးများမှ ဆွေးနွေးတင်ပြကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဦးစိုးလှိုင်မောင်မှ နိဂုံးချုပ်စကားပြောကြား၍ အစည်းအဝေးကို ညနေ(၅)နာရီတွင် ပြီးမြောက်ကြောင်း သတင်းရရှိပါသည်။
ခင်ဝင်း(ပြန်/ ဆက်)